yest

yes

Movie Category 1

Subscribe Us

Template Information

Test Footer 2

Movie Category 2

Movie Category 3

Pages

Powered by Blogger.
[4] [ဆောင်းပါး] [two] [ဆောင်းပါး]

Movies of The Week

Join This Site On Google Friend

[4] [သတင်း] [one] [သတင်း]
[4] [နည်းပညာ] [two] [နည်းပညာ]
[4] [နည်းပညာ] [one] [နည်းပညာ]

Blog Archive

Movie Category 5

Movie Category 4

ယမကာလုလင်၊ ယမကာလုံမေတို့အတွက် သတင်းဆိုး

| No comment

 ~


 
တနင်္လာနေ့က  ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင်  အတည်ပြုပြဌာန်းလိုက်သော ယစ်မျိုးခွန်ဥပဒေကြောင့် အရက်၊ ဘီယာတို့ ဈေးတက်ဖွယ် ရှိနေသည်။




  •  နှစ်ဆန်းပိုင်းက ရန်ကုန်တွင် တွေ့ရသည့်  မော်တော်ယာဉ် တစီးတွင် Carlsberg ဘီယာစက်ရုံအတွက် ပစ္စည်း တင်ထားသည်  (ဓာတ်ပုံ – စိုင်းဇော် / ဧရာဝတီ)
 
 ၁၉၁၇ ယစ်မျိုးခွန်ဥပဒေကို ပြန်လည်ပြင်ဆင်ရေးဆွဲထားသည့် ဥပဒေသစ်အရ အခွန် ကောက်ခံမှုမှာ ယမကာ အမျိုးအစားကိုလိုက်ပြီး   ယခင်ကထက်   ၂ ဆမှ  ၄ ဆကျော်အထိ ကောက်ခံမည် ဖြစ်သည်။ 

ဝန်ကြီးချုပ် လက်မှတ်ထိုးပြီးပါက ဥပဒေသစ် စတင် အသက်ဝင်မည် ဖြစ်ကြောင်း၊ အခွန်နှုန်းထားသစ်ကို  ယခုနှစ်ဘဏ္ဍာနှစ်မှာပင် စတင်ကောက်ခံသွားမှာဖြစ်ကြောင်း  ရန်ကုန်တိုင်းဒေသကြီး နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှုးကြီးတင်ဝင်းက ပြောသည်။

“ဒီဥပဒေက နိုင်ငံတကာနဲ့ယှဉ်ပြီး ရေးဆွဲထားတာပါ။
နိုင်ငံတကာမှာလည်း မူးယစ်ပစ္စည်းတွေကို ကောက်ခံတဲ့နှုန်းထားတွေက ကျန်တဲ့အရာတွေကို ကောက်ခံတာထက် ပိုများတယ်။
ဒီဥပဒေအရ ယစ်မျိုးခွန်တွေကို စနစ်တကျကောက်ခံသွားနိုင်ဖို့ ပြဋ္ဌာန်းတာပါ” ဟု ဝန်ကြီးက  ပြောကြားသည်။

ဥပဒေသစ်ကြောင့် ထိချက်ပြင်းမည့်သူများမှာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ယမကာလုလင်၊ ယမကာ လုံမေတို့ ဖြစ်မည်ဟု ယူဆသူများလည်း ရှိနေသည်။ 

ဆိပ်ကမ်းမြို့နယ်မဲဆန္ဒရှင် အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ်  ဦးနေမျိုးအောင်ကလည်း “ဒီအခွန်ကိုလျှော့ပေးစေချင်တယ်” ဟု ပြောသည်။

“ဒီလိုအခွန်တွေ တိုးတာကို ထုတ်လုပ်ရောင်းချသူတွေက သူတို့အတွက် ကျန်အောင်ရောင်းမယ်။
ဒီမှာ အထိအနာဆုံးက သောက်သုံးတဲ့ အခြေခံလူတန်းစားတွေပဲ ဖြစ်မယ်” ဟု ဦးနေမျိုးအောင်က ဆိုသည်။

အခွန်နှုန်းထား လျှော့ချပေးရန် သူက တင်ပြသော်လည်း လွှတ်တော်က  ငြင်းပယ်ခဲ့သည်။


လိုင်စင်နှုန်းထားများ

 ပြည်တွင်းဖြစ် နိုင်ငံခြားအရက်ပြင်း လက်ကားရောင်းခွင့်လိုင်စင်
လက်ရှိနှုန်းထား    ကျပ် ၁၂ သိန်း။ နှုန်းထား အသစ် သိန်း ၃၀

 အရက်ချက် စက်ရုံအသေး
လက်ရှိ -  ၁၂ သိန်း၊ အသစ်  သိန်း ၅၀

 စက်ရုံ အလတ်စား
လက်ရှိ -   ၂၄ သိန်း၊ အသစ်  သိန်း ၁၀၀

စက်ရုံအကြီးစား
လက်ရှိ -   ၃၆ သိန်း၊ အသစ်  သိန်း ၁၅၀


ထို့အပြင် ကောက်ယူရမည့်လုပ်ငန်းလိုင်စင်များ ခေါင်းစဉ်တွင်  စက်ရုံပါ ချက်လုပ်ခွင့်လိုင်စင်၊ စက်ရုံမပါ ချက်လုပ်ခွင့်လိုင်စင်၊ ထုတ်လုပ်ခွင့်လိုင်စင်၊ တင်ရောင်းခွင့်လိုင်စင်၊ ရောင်းချ ခွင့်လိုင်စင် စသဖြင့် လုပ်ငန်းလိုင်စင်အမည် ၂၅ ခု ပါဝင်သည်။

မေခ

 
ဆက်စပ်

.