yest

yes

Movie Category 1

Subscribe Us

Template Information

Test Footer 2

Movie Category 2

Movie Category 3

Pages

Powered by Blogger.
[4] [ဆောင်းပါး] [two] [ဆောင်းပါး]

Movies of The Week

Join This Site On Google Friend

[4] [သတင်း] [one] [သတင်း]
[4] [နည်းပညာ] [two] [နည်းပညာ]
[4] [နည်းပညာ] [one] [နည်းပညာ]

Blog Archive

Movie Category 5

Movie Category 4

အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့အတွက် ဦးသိန်းစိန်ရဲ့ သ၀ဏ်လွှာ

| 3 Comments
ဒီကနေ့ စက်တင်ဘာလ ၁၅ ရက်နေ့ဟာ အပြည်အပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ပါ။ ဒီကနေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့အတွက် သမ္မတ ဦးသိန်းစိန်က သ၀တ်လွှာပေးပို့ထားပါတယ်။ 



အဲဒီသ၀ဏ်လွှာကို ပြန်ကြားရေး ၀က်ဆိုက်မှာ ဖော်ပြထားတဲ့ အတိုင်း ပြန်လည် ကူးယူဖော်ပြပေးလိုက် ပါတယ်။ 

 ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ အဂ္ဂမဟာသရေစည်သူ၊ အဂ္ဂမဟာသီရိသုဓမ္မ ဦးသိန်းစိန်ထံမှ ပေးပို့သော ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ၊ (၁၅) ရက်နေ့တွင် ကျရောက်သည့် ၂၀၁၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အထိမ်းအမှတ်အခမ်းအနား သဝဏ်လွှာ 

 တိုင်းရင်းသားပြည်သူအပေါင်းတို့ခင်ဗျာ- 

၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ (၁၅) ရက်တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခါသမယ တွင် မြန်မာပြည်သူ ပြည်သားများအားလုံး ဒီမိုကရေစီစဉ် ဆက်မပြတ် ထွန်းကားရေးအတွက် ဒီမိုကရေစီအလေ့ အကျင့်ကောင်းများ ဖောင်ဆောင်ရေးတွင် တက်ကြွစွာ ပူးပေါင်းပါဝင် ဆောင်ရွက်ခြင်း
ဖြင့် ဒီမိုကရေစီ၏ အနှစ်သာရ အသီးအပွင့်များကို အပြည့်အဝရရှိ ခံစားနိုင်ကြပါစေကြောင်း ဦးစွာမထမ ဆုတောင်းမေတ္တာပို့သ လိုက်ပါသည်။ 

ဒီမိုကရေစီကျင့်စဉ်များကို လိုက်နာကျင့်သုံးရန်နှင့် မြှင့်တင်ရန်ရည်သန်၍ စက်တင်ဘာလ (၁၅) ရက်နေ့ တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ကို ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံဖြစ် သည့် မြန်မာ
နိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည်မှာ ယခုနှစ်ဆိုလျှင် စတုတ္ထအကြိမ် ရှိပြီဖြစ်ပါသည်။ 

အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ကို ကျင်းပခြင်းဖြင့် မိမိနိုင်ငံ၏ ဒီမိုကရေစီ အသွင်းကူးပြောင်းမြှု
ဖြစ်စဉ်ကို ပြန်လည်သုံးသပ်ခွင့် ရရှိနိုင်သလို နိုင်ငံတွင်ဆောင်ရွက်လျက်ရှိသည့် ဒီမိုကရေစီတိုးမြှင့်ရေးနှင့် ခိုင်မာလာ စေရေး တို့အတွက် ရည်ရွယ်သည့် အမျိုးသားအဆင့် အစီအစဉ်များ ထားရှိမှုကို ခိုင်မာလာစေရန် သက်ဆိုင်သူ အားလုံးက ပူးပေါင်းဆောင်ရွက်ရန် သန္နိဋ္ဌာန် ချမှတ်မှုကိုလည်း ဖော်ပြ ရာရောက်
ကြောင်း တွေ့ရှိရပါသည်။ 

ဒီမိုကရေစီဆိုသည်မှာ နိုင်ငံသားများက ၎င်း၏လူမှုဘဝနှင့် ပတ်သက်သော ဆုံးဖြတ်ချက်များတွင် တန်း တူ ပြောဆို ခွင့်ရရှိနိုင်သည့် အုပ်ချုပ်မှုပုံစံ တစ်ခုပင်ဖြစ်ပါသည်။ 

ရှေးယခင်မှစ၍ လက်ခံထားသော ဒီမိုကရေစီ၏ အရေးကြီးသော သဘောစရိုက်လက္ခဏာမှာ ညီမျှမှုနှင့် လွတ်လပ်မှုပင်ဖြစ်ပါသည်။ 

ဒီမိုကရေစီကိုကျင့်သုံး သောနိုင်ငံတော်၏ အမြင့်ဆုံးအာဏာသည် ပြည်သူများက ပိုင်ဆိုင်ကြသဖြင့် ပြည်သူ များ၏ စည်းစနစ်ရှိစွာ ပါဝင်ဆောင်ရွက်မှုသည် အလွန်အရေးကြီးသော အချက်တစ်ချက်ပင်ဖြစ်ပါသည်။ 

ဒီမိုကရေစီနှင့်အညီ အုပ်ချုပ်မှုဆိုင်သည်မှာ အများပြည်သူတို့၏ ဘဝတွင် ရွေးချယ်နိုင်မှုများစွာရှိစေ ရန် 
ဆောင် ရွက်ပေးနိုင်ရေးနှင့် တည်ငြိမ်အေးချမ်းရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး အစရှိသည်တို့ပါဝင် သည့် ပြည်သူတို့၏ လိုအပ်ချက်များနှင့် လိုအင်ဆန္ဒများကို ဖြည့်ဆည်းဆောင်ကြဉ်းပေးနိုင်သည့် စီးပွားရေးနှင့် လူမှုရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်ပေးခြင်းသာဖြစ်ပါသည်။ 

ယင်းသို့ ဆောင်ရွက်ရာတွင် နိုင်ငံတော်နှင့် ပြည်သူအကြား အပြန်အလှန် ယုံကြည်မှုနှင့် နားလည်မှု တို့ဖြင့် ဟန်ချက်ညီညီ ဆောင်ရွက်ရန် လိုအပ်ပါသည်။ 

မြန်မာနိုင်ငံသည် ဒီမိုကရေစီဆီသို့ ခိုင်မာသောဆုံးဖြတ်ချက် ရည်မှန်းချက်ဖြင့် လျှောက်လှမ်းခဲ့သည့် သုံးနှစ် တာ ကာလအတွင်း သိသာထင်ရှားသည့် အောင်မြင်မှုများ ရရှိခဲ့ပြီးနောက် ယခုအခါ ဒီမိုကရေစီအတွက် အခြေခံ အုတ်မြစ် ခိုင်မာလာစေရန် ရည်ရွယ်သည့် တတိယအဆင့် အရှိန်အဟုန်မြှင့်တင်မှု (Third Wavd) ကို ဆောင်ရွက်လျက်ရှိပါသည်။ 

ကျွန်တော်နှင့်အတူ ပြုင်ြပြောင်းလဲရေး လုပ်ငန်းစဉ်များမှာ တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက် နေကြသူ များ အနေနဲ့ နိုင်ငံရေးဖြေလျှော့မှုများနဲ့ နိုင်ငံရေးယဉ်ကျေးမှုအသစ်များ အသက်ဝင် ရှင်သန်ရေးတို့ကို ခိုင်မာတဲ့ သန္နိဋ္ဌာန်ချ ဆောင်ရွက်နေခြင်းဟာ ပြည်သူလူထု တစ်ရပ်လုံး အကျိုး ခံစားရခြင်းကို အဓိက ထားတဲ့ နိုင်ငံရေးစေတနာမှန် သက်သက်ဖြင့်သာ လုပ်ဆောင်နေခြင်း ဖြစ်ပါသည်။ 

ဒီမိုကရေစီအသွင် ကူးပြောင်းမှုဖြစ်စဉ်တွင် တွေ့ကြုံနေကြရသည့် စိန်ခေါ်မှုများ၊ အခွင့်အလမ်းများနှင့် လူငယ်များပါဝင် ဆောင်ရွက်ရမည့် အရေးပါသည့် အခန်းကဏ္ဍကို မီးမောင်းထိုးဖော်ပြရန် ရည်သန်ကာ ယခုနှစ်အပြည်ပြည်ဆိုရာ ဒီမိုကရေစီနေ့၏ ဦးတည်ချက်အဖြစ် "ဒီမိုကရေစီဖော်ဆောင်ရေး လူငယ်များ ဝိုင်းဝန်းဆောင်ရွက်ပေး" "Engaging Youth on Democracy" ဟူသောခေါင်းစဉ်ဖြင့် ကျင်းပရခြင်းဖြစ် ပါသည်။ 

ကမ္ဘာ့လူဦးရေ၏ ငါးပုံတစ်ပုံမှာ အသက် ၁၅ နှစ်မှ ၂၅ နှစ်အတွင်းရှိသော လူငယ်များဖြစ်ပါသည်။ 

လူငယ်များ သည် အနာဂတ်ဖွံ့ဖြိုး တိုးတက်မှု အစီအစဉ်များနှင့် ဒီိမိုကရေစီ အသွင်ကူးပြောင်းရေးများ အတွက် အဓိက ကျသော အခန်းကဏ္ဍမှ ပါဝင်နေသည်ဖြစ်ရာ လူငယ်ဦးရေ (၁၆) သန်းရှိသော ကျွန်တော်တို့နိုင်ငံ၏ အနာဂတ် ဖွံ့ဖြိုး တိုးတက်မှုများသည် အဆိုပါလူငယ်များ အပေါ်တွင်များစွာ တည်မှီနေပါသည်။ 

ထို့ကြောင့်လည်း နိုင်ငံတော် ဒီမိုကရေစီ တည်ဆောက်ရေး လုပ်ငန်းစဉ်များတွင် လူငယ်များစွမ်းရည်
ပြည့်ဝစွာ ပါဝင်ဆောင်ရွက် နိုင်ရန် ကင်းထောက်အဖွဲ့များ ဖွဲ့စည်းလေ့ကျင့်ပေးခြင်းနှင့် ဘက်စုံထူးချွန်
သော ကျောင်းသား လူငယ်လူရွယ် များကို စခန်းသွင်း လေ့ကျင့်ပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည့် အပြင်တတိယအဆင့် အရှိန်အဟုန် မြှင့်တင်မှု လုပ်ငန်းစဉ်တွင်လည်း လူငယ်ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများကို ထည့်သွင်း အကောင် အထည် ဖော်လျက်ရှိပါသည်။ 

ဒီမိုကရေစီအလေ့ အကျင့်ဖြစ်သော အစုအဖွဲ့ဖြင့် စုပေါင်းဆောင်ရွက် တတ်ခြင်း၊ တာဝန်သိမှု၊ ကိုယ်တိုင် တာဝန်ယူမှုများဖြင့် လူ့အဖွဲ့အစည်း အကျိုးကို ဝိုင်းဝန်းဆောင်ရွက် တတ်ခြင်းတို့ ကိုလည်း လူငယ်ထုအတွင်း ထွန်းကားလာစေရန် ပြုစုပျိုးထောင်ပေးလျက် ရှိပါသည်။ 

တိုင်းရင်းသားပြည်သူအပေါင်းတို့ခင်ဗျား - 

ယနေ့ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခါသမယတွင် မြန်မာ့လူငယ်ထုများ အပါအ ဝင် ပြည်သူ တစ်ရပ်လုံးက ဒီမိုကရေစီနိုင်ငံတော်ကြီး အဖြစ်တည်တောင်နေချိန်တွင် အပြန်အလှန် နားလည်မှု၊ ယုံကြည်မှု၊ သဘောထားကြီးမှုများ အခြေခံ၍ ပွင့်လင်းစွာ ညှိနှိုင်းဆောင်ရွက်ခြင်း
ဖြင့် နိုင်ငံတော်၏ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်များတွင် တက်ကြွစွာပါဝင်ကြရန်နှင့် ဒီမိုကရေစီ အရေးတွင် လူငယ်များ ပါဝင်နိုင်ရေး တို့ကိုလည်း တိုးမြှင့်လုပ်ဆောင်သွားကြပါရန် အားပေးတိုက်တွန်း လိုက်ရပါသည်။