yest

yes

Movie Category 1

Subscribe Us

Template Information

Test Footer 2

Movie Category 2

Movie Category 3

Pages

Powered by Blogger.
[4] [ဆောင်းပါး] [two] [ဆောင်းပါး]

Movies of The Week

Join This Site On Google Friend

[4] [သတင်း] [one] [သတင်း]
[4] [နည်းပညာ] [two] [နည်းပညာ]
[4] [နည်းပညာ] [one] [နည်းပညာ]

Blog Archive

Movie Category 5

Movie Category 4

အွန်လိုင်း ဂူဂဲလ်မြေပုံနဲ့ ရန်ကုန်ကို လှည့်လည်ကြည့်လို့ရပြီ

| 2 Comments
Google Map အသုံးပြုသူတွေအနေနဲ့ ဂူဂဲလ်ရဲ့ Street View ဖြင့် ရန်ကုန်မြို့ကို လည့်လှည်ကြည့်ရှုနိုင်ပါပြီ။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ဂူဂဲလ် ရဲ့ မြေပုံစနစ်မှာ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး Street View နှင့် မြေပုံညွှန်း ကြည့်လို့ မရဖြစ်ခဲ့တဲ့ ခေတ် ကို အဆုံးသတ်လိုက်ခြင်းပါ။ 




အခုထိတော့ မြန်မာနိုင်ငံ တ၀န်း နေရာတိုင်းမှာ ဂူဂဲလ်ရဲ့ Street View နဲ့ ကြည့်လို့ရတာတော့မဟုတ်သေးဘူး၊ ရန်ကုန်မြို့တခွင်ကိုသာ ကြည့်နိုင်မှာပါ ဆိုတဲ့အကြောင်း ဧရာဝတီဘလော့ http://blog.irrawaddy.org လာရောက် ဖတ်ရှုသူများကို လက်တို့လိုက်ပါတယ်။ ဒါဟာ မြန်မာပြည်နဲ့ ပတ်သက်ပြီး ဂူဂဲလ်ရဲ့ဖြစ်ထွန်းမှုနောက်တခုပါပဲ။


အခုလို ရန်ကုန်မြို့ကို ဂူဂဲလ် Street View နဲ့ ကြည့်လို့ရတာဟာ ကနဦး စတင်လိုက်တဲ့ စမ်းသပ်မှုလည်း ဖြစ်နိုင်သလို နောက်ထပ် မြို့နယ်တွေနဲ့ တနိုင်ငံလုံး အတိုင်းအတာနဲ့ လုပ်ဆောင်သွားဖွယ်လည်း ရှိနိုင်ပါတယ်။ 

အခုလို အခြေအနေဆိုရင် မြန်မာနိုင်ငံမှာလည်း GPS စနစ် အသုံးပြုတဲ့  ယာဉ်မောင်းတွေ၊ ခရီးသွားတွေ အတွက် အဆင်ပြေလာစရာ ရှိနေပါပြီ။ 



 မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း ထိုင်း၊ အိန္ဒိယ အပါအ၀င် ခေတ်မီတိုးတက်တဲ့ နိုင်ငံတွေမှာတော့ ဂူဂဲလ် မြေပုံမှာ Street View နဲ့ အွန်လိုင်းကနေ လှည့်လည် ကြည့်ရှုလို့ရတာ ကြာပါပြီ။ 

 ဒီလို လမ်းကြောင်း ပြ ပကတိ မြင်ကွင်းနဲ့ မြေပုံ စနစ်ကို ဂူဂဲလ်ရဲ့ ကင်မရာတွေ တင်ထားတဲ့ ကားတွေက တလမ်းဝင်တလမ်းထွက် မှတ်တမ်းတင်ကြရတာပါ။ 


ဒီကားတွေမှာလည်း ဂူဂဲလ် တံဆိပ်တွေ ထပ်ထားပြီး အဖွဲ့လိုက် အချိန်ယူပြီး မှတ်တမ်းပြုစုကြရ တာဖြစ်ပါတယ်။ 

ဒီလို မှတ်တမ်းပြုစုထားတဲ့ ဗီဒီယို ဖိုင်တွေကို ဂူဂဲလ်က သူတို့ရဲ့ စနစ်နဲ့ သေချာ ပြင်ဆင်ပြီး အွန်လိုင်းပေါ်တင်ကြပါတယ်။ 

“ကမ္ဘာတ၀န်း သန်းပေါင်းများစွာသော ဂူဂဲလ်မြေပုံသုံးစွဲသူတွေအတွက် ကျနော်တို့ Google Maps Team က လမ်းတွေတလျှောက် မြင်ကွင်းတွေကို ရိုက်ကူးမှတ်တမ်းတင်ကြတာပါ” လို့ ဂူဂဲလ်တာဝန်ရှိသူတဦးက ရှင်းပြထားပါတယ်။

ကဲ...
ဂူဂဲလ်မြေပုံရဲ့ ရန်ကုန် Street View တော့ လာပါပြီ။
နောက်ထပ် လာသင့်တာကတော့ အဲဒီ လောကဓာတ်ဝန်ဆောင်မှုသစ်ကို မြည်းစမ်းကြည့်၊ လက်တွေ့သုံးကြည့်ဖို့အတွက် မြန်နှုန်းမြင့်အင်တာနက်ပဲ ဖြစ်ပါတယ်။



အိမ့်သံစဉ် ~