yest

yes

Movie Category 1

Subscribe Us

Template Information

Test Footer 2

Movie Category 2

Movie Category 3

Pages

Powered by Blogger.
[4] [ဆောင်းပါး] [two] [ဆောင်းပါး]

Movies of The Week

Join This Site On Google Friend

[4] [သတင်း] [one] [သတင်း]
[4] [နည်းပညာ] [two] [နည်းပညာ]
[4] [နည်းပညာ] [one] [နည်းပညာ]

Blog Archive

Movie Category 5

Movie Category 4

ကျိုက်မရော ကျောက်မိုင်းများ ရပ်ဆိုင်းဖို့ ဒေသခံတချို့ပြောပြီ

| No comment

 ~
 

မွန်ပြည်နယ်၊ ကျိုက်မရောမြို့ဝန်းကျင်ရှိ   နေအိမ်များ၊ ဘုရားစေတီများ တုန်ခါစေသည့် ကျောက်မိုင်းများမှ မိုင်းခွဲခြင်း၊ ကျောက်ထုတ်လုပ်ခြင်းများကို   ရပ်ဆိုင်းစေလိုကြောင်း  ဒေသခံတချို့က ပြောသည်။

 


မွန်ပြည်နယ်အတွင်း ကျောက်မိုင်း လုပ်ငန်းခွင်

(ဓာတ်ပုံတွေကို
https://www.facebook.com/pages/Save-the-Mountains-in-Mon-State/632358756878708 ကနေ ယူပါတယ်)
နေ့စဉ် မိုင်းအချက် နှစ်ရာနီးပါးမျှခွဲကာ ကျောက်ထုတ်နေသည့်နေရာမှ  ၂ မိုင်ကျော်ကျော်သာ ဝေးကွာသော ကျိုက်မရောမြို့တွင်းရှိ ဘုရားကြီး၏ ရေရှည်ကြံ့ခိုင်ရေးကို  များစွာ ထိခိုက်ကြောင်း၊  ကျောက်ထုတ်သည့် ကုမ္ပဏီများသည် အလှဆင်ကျောက် ထုတ်ရန်သတ်မှတ်ထားသော်လည်း လမ်းခင်းကျောက်များကိုသာ အဓိက ထုတ်လုပ်နေသည့်အတွက် အပြီး တိုင်ပိတ်သိမ်းစေချင်ကြောင်း ကျိုက်မရော ဆုတောင်းပြည့် ဘုရားကြီး၏ ပဓါန နာယက ဆရာတော် ဘန္ဒဒ္ဒ အရှင်ဝါရိန္ဒက ဧရာဝတီသတင်းဌာနကို  မိန့်ကြားသည်။

“မြို့နဲ့ ကျောက်ထုတ်မိုင်းတွင်းက အရမ်းကို နီးတာ။ တနေကုန် မိုင်းတွေဖောက်နေတော့ မြို့က အဆောက်အဦတွေရော၊ ဘုရားကြီးမှာပါ တုန်ခါနေတာပဲ။
သက်ဆိုင်ရာကို တင်ပြကြတော့လည်း ဘာမှ အရေးတယူ လုပ်တာမျိုး မရှိခဲ့ဘူး။
အခု မြို့ခံတွေ တွန်းတွန်း တိုက်တိုက်လုပ်လာတော့မှ မြို့အထောက်အကူပြုအဖွဲ့နဲ့  ညှိနှိုင်းတာတွေ လုပ်တာ။ အဲဒီမိုင်းတွင်းနား နေတဲ့သူတွေဆိုရင် တနေကုန် ဖုန်တွေနဲ့နေနေကြရတာ” ဟု ဆရာတော်က မိန့်သည်။

 


ကျိုက်မရောမြို့ဝန်းကျင်ရှိ ထုံးကျောက်တောင်များမှ လမ်းခင်းကျောက်များအဖြစ်သာ ထုတ်လုပ်နေခြင်းက သယံဇာတကို ဖြုန်းတီးရာရောက်ကြောင်း၊
ကျောက်တောင်တော်တော်များများတွင်လည်း စေတီဘုရားများ ရှိနေခြင်းကြောင့် သာသနာအရေးကိစ္စများလည်း ပက်သက်မှုရှိကြောင်း ကျိုက်မရောမြို့မှ ရပ်မိရပ်ဖတချို့က  မှတ်ချက်ပြုသည်။

ထိုသို့ မြို့ခံများ၏ ဆန္ဒပေါ်မူတည်ပြီး ကျောက်ထုတ်ရက်ကို ကန့်သတ်ခြင်း၊ မိုင်းခွဲမှု  လျှော့ချခြင်း အပါအ၀င် ကျောက် ထုတ်သည့်ကုမ္ပဏီများနှင့် ညှိနှိုင်းကာ  စမ်းသပ်ကာလ တလအဖြစ် ဆက်လက် လုပ်ကိုင်ရန် စီစဉ်ထားကြောင်း၊
ထိုတလ အတွင်း ဒေသခံများဘက်က  ဆက်လက်ကန့်ကွက်နေလျှင် အပြီးတိုင် ပိတ်သိမ်းနိုင်ရန်   ကြိုးစားသွားမှာဖြစ်ကြောင်း ကျိုက်မရော မြို့ အထောက်အကူပြုအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းလွင်က ဧရာဝတီသို့ ပြောသည်။

“ဒါတွေလုပ်နေတဲ့သူတွေက မြို့က အုပ်ချုပ်ရေးပိုင်းတချို့နဲ့ ပူးပေါင်းလုပ်ကိုင်နေတယ်လို့ မြို့ခံတွေက ထင်နေကြတာ။
အခုတော့ ကျနော်တို့ ညှိနှိုင်းချက်အရ သူတို့ဘက်ကလည်း မြို့တိုးတက်ရေးအတွက် ရန်ပုံတွေတွေ ထောက်ပံ့ပေးဖို့၊ မိုင်းခွဲတာကိုလည်း အရင်လို မဟုတ်ဘဲ အချိန်ကာလ သတ်မှတ်ဖို့ အားလုံး လိုက်လျောပါတယ်။
ကျနော်တို့ ဒီစမ်းသပ်ကာလကို စောင့်ကြည့်မယ်”  ဟု   မြို့ အထောက်အကူပြုအဖွဲ့ ဥက္ကဋ္ဌက ပြောသည်။

“ကျနော်တို့ဘက်က ပိတ်စေချင်တယ်ဆိုရင်  သူတို့ အလှဆင်ကျောက်ထုတ်ဖို့ကို လမ်းခင်းကျောက်တွေပဲ ထုတ်နေတယ်ဆိုတဲ့ စည်းကမ်း မညီညွတ်တဲ့ အချက်တချက်တည်းနဲ့ ပိတ်လို့ရတယ်” ဟု  ဥက္ကဋ္ဌက ဆက်ပြောသည်။

သို့ရာတွင် ကျောက်ထုတ်လုပ်မှုနှင့် ပတ်သက်ပြီး အစိုးရနှင့် ဖက်စပ်စနစ်ဖြင့် တရားဝင်လုပ်ကိုင်နေခြင်းဖြစ်ကြောင်း၊ အစိုးရကိုလည်း ပုံမှန် အခွန်ပေးသွင်းကြောင်း  A1 ကျောက်ထုတ်လုပ်ရေး ပိုင်ရှင် ဦးဖေအောင်က ဧရာဝတီသို့ ပြောသည်။


အလှဆင်ကျောက်လား၊ လမ်းခင်းဖို့လား

အလှဆင်ကျောက်သည့် ကျောက်သားကောင်းမှ ထုတ်လုပ်၍ ရကြောင်း၊ ကျောက်သား မကောင်းသည့်အခါ ဘေးထွက် ကျောက်အဖြစ် လမ်းခင်းကျောက်များသာ  ထုတ်လုပ်ရကြောင်း A1 ကျောက်ထုတ်လုပ်ရေး ဦးဖေအောင်က ဆက်ပြောသည်။

“ကျနော့်မှာ အလှဆင်ကျောက်ထုတ်တဲ့ စက်ရုံလည်း ရှိတယ်။
 ဒီတ၀ိုက်မှာ ကျောက်ထုတ်နေကြတဲ့သူ တချို့ကတော့ တရားဝင် လိုင်စင် မရှိတာမျိုးလည်း ရှိပါတယ်။
ကျနော်တို့ကတော့ လိုင်စင်နဲ့ လုပ်တာ။
အခု မြို့အထောက်အကူပြုအဖွဲ့ကနဲ့ ညှိနှိုင်းတာလည်း အကုန် အဆင်ပြေပါတယ်။
မြို့ခံတချို့က ရပ်စေချင်နေတယ်ဆိုတာ ကျနော်တော့ မကြားဘူး”  ဟု ၎င်းက ဆိုသည်။

  • အခွန်လည်းဆောင်၊ ရန်ပုံငွေလည်း ထည့်ပါတယ်

ထို့အပြင် ကျောက်မိုင်းခွဲရာတွင် အသုံးပြုသော ယမ်းများသည်  အစိုးရက တရားဝင်ခွင့်ပြုချက်ရှိမှ ထုတ်ပေးကြောင်း၊
မိမိတို့ ကျောက်မိုင်းခွဲမည်ဆိုလျှင်လည်း သက်ဆိုင်ရာသို့ သတင်းပေးပို့ပြီးမှသာ ခွဲ၍ရကြောင်း  ဒေသတွင်း ကျောက်ထုတ်လုပ်ရေးလုပ်ငန်းရှင်တဦးဖြစ်သည့်  ထွန်းမင်းနှင့် သားများ ကုမ္ပဏီပိုင်ရှင် ဦးထွန်းမင်းက ပြောသည်။

“အခု ကျောက်မိုင်းက အန္တရာယ်ရှိတယ်တို့ ဘာတို့ လိုက်လှုံ့ဆော်နေတဲ့သူတချို့က အရင် ကျနော်တို့ ကျောက်ထုတ်လုပ်ငန်း တချို့နဲ့ ပတ်သက်ခဲ့ဖူးတဲ့သူတွေ။
သူတို့ လုပ်နေတုန်းကတော့ ဘာအသံမှမထွက်ကြဘဲ သူတို့အချင်းချင်း ပြဿနာတက်ကြတော့မှ ကျောက်ထုတ်လုပ်ငန်း တခုလုံးကို မကောင်းဘူးလို့ လိုက်ပြောတာ”  ဟု ဦးထွန်းမင်းက  ရှင်းပြသည်။

“ဟိုရန်ပုံငွေ၊ ဒီရန်ပုံငွေဆို ကျနော်တို့ကအမြဲ ထည့်နေကြပါ။ ဒေသခံတွေနဲ့လည်း ဘာပြသနာမှ မဖြစ်ခဲ့ဖူးဘူး။ နောက် ဘာဆက်ဖြစ်မယ်ဆိုတာတော့ မပြောတတ်သေးဘူး”  ဟု
  ဦးထွန်းမင်းက ဆက်ပြောသည်။

မွန်ပြည်နယ်အတွင်း ကျောက်ထုတ်လုပ်ရေး လုပ်ငန်း များစွာ ရှိသော်လည်း တောတောင်ဧရိယာအများအပြားကို မူလပုံစံပျက်ယွင်းစေသည့် ထိုလုပ်ငန်းတို့ကို  သဘာဝပတ်ဝန်းကျင် ရှုထောင့်မှ ကန့်ကွက်မှုမှာ မရှိသလောက် နည်းပါးကြောင်း တွေ့ရသည်။


 စနေလင်း
 



.