yest

yes

Movie Category 1

Subscribe Us

Template Information

Test Footer 2

Movie Category 2

Movie Category 3

Pages

Powered by Blogger.
[4] [ဆောင်းပါး] [two] [ဆောင်းပါး]

Movies of The Week

Join This Site On Google Friend

[4] [သတင်း] [one] [သတင်း]
[4] [နည်းပညာ] [two] [နည်းပညာ]
[4] [နည်းပညာ] [one] [နည်းပညာ]

Blog Archive

Movie Category 5

Movie Category 4

ချင်းမိုင်ကမြန်မာမော်ဒယ် စားပွဲထိုးဘဝကိုအဆုံးသတ်လိုက်ပြီ

| 2 Comments
ထိုင်းနိုင်ငံ ချင်းမိုင်မြို့က လူပြောများနေတဲ့ စားပွဲထိုးဘဝကနေ မော်ဒယ်လ်ဖြစ်လာသူ ရှမ်းပျိုမေ နန်းနွတ် ဟာ ဆန်ပီဆွက် (San Pee Seua) လို့ခေါ်တဲ့ ရပ်ကွက်က ဖွင့်ထားတဲ့ ထိုင်းရိုးရာ အစားအစာတွေ ရောင်း တဲ့ စားသောက်ဆိုင်မှာ ၅ နှစ်ကြာ စားပွဲထိုးဘဝနဲ့ လုပ်ကိုင်ခဲ့ပြီး အခုတော့   စာပွဲထိုး ဘဝက ရပ်နားလိုက်ပါပြီ။


ဓာတ်ပုံ- ဧရာဝတီ

ဒီဆိုင်မှာ စားပွဲထိုးအလုပ် လုပ်ကိုင်နေရင်းနဲ့ လွန်ခဲ့တဲ့ ၃ နှစ်ဝန်းကျင်းမှာ ဆိုင်ကို လာရောက်ကြတဲ့ ဓာတ်ပုံဆရာတွေ၊ ကြော်ငြာ ထုတ်လုပ်သူတွေက နန်းနွတ်ကို အပျော်တမ်း မော်ဒယ်လ်ဓာတ်ပုံတွေ ရိုက်ကူး ပေး တာကနေ မော်ဒယ်ဖြစ် လာခဲ့သူပါ။ 



အသက် ၂၅ နှစ် ရှိပြီဖြစ်တဲ့ နန်းနွတ်ဟာ ခုတော့ အွန်လိုင်း မော်ဒယ်လ် လောကမှာ အထိုက် အလျောက် 
နေရာရရှိထားသူ ဖြစ်ပါတယ်။ 

အခုလို နန်းနွတ် ဒီဆိုင်ကနေ ထွက်ခွါခဲ့တာဟာ သူ့အနေနဲ့ ပိုပြီးတိုးတက်မှုကို ရှာဖွေလိုတာရယ် တဘက်မှာ သူဝါသနာထုံတဲ့ မော်ဒယ်လ်လောကကို ပိုပြီးနီးစပ်တဲ့ အလုပ်မျိုး လုပ်ကိုင်လိုတာကြောင့် လွန်ခဲ့တဲ့ ၄ လ ကတည်းက ဆိုင်ရှင်ကို ထွက်ခွာခွင့် တောင်းဆိုခဲ့တယ်လို့ ပြောပါတယ်။ 

 “ကျမ အလုပ်ထွက်ဖို့ ဆိုင်ရှင်ကို ပြောတာကြာပြီ ရှင့်။ ဆိုင်မှာလည်း အလုပ်သမား မရှိသေးတော့ မထွက် ရဘူး။ ကျမအသက်အရွယ်နဲ့ စားပွဲထိုးအလုပ် သိပ့်မလုပ်နိုင်တော့ဘူး ရှင့်။ ပြီးတော့ ကိုယ့်အတွက် တိုး တက်ရာ တိုးတက်တဲ့ အလုပ်ကို ပိုပြီးလုပ်ချင်လို့ပေါ့ နော်။ အခုတော့ ဆိုင်မှာလည်း အလုပ်သမားတွေ ရောက် လာပြီ ဆိုတော့ မနေ့ကဘဲ ထွက်လိုက်ပါတယ် ရှင့်” လို့ နန်းနွတ်က ဧရာဝတီကို ရှင်းပြပါတယ်။

နန်းနွတ်ဟာ မြန်မာနိုင်ငံ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နယ်ထဲက ဆီဆိုင်မြို့ဇာတိဖြစ်ပြီး ၁၀ တန်း အထိ တက်ရောက်ခဲ့ပါတယ်။ 

ပညာရေး စာရိတ် ခက်ခဲတာကြောင့် သူ့အတွက် ၁၀ တန်းနဲ့ပဲ အဆုံး သတ်ခဲ့ရပြီး ဆယ်စုနှစ် ကြာ
ရေခြား မြေခြား တိုင်းတပါး နိုင်ငံမှာ သွားရောက် အလုပ်လုပ်ကိုင်နေတဲ့ မိခင်ဖြစ်သူကို ကူညီဖို့ ၂၀၀၆ ခုနှစ်မှာ မိခင်ရှိရာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ကို ထွက်လာခဲ့တာပါ။

ချင်းမိုင်မြို့ကို ရောက်လာကတည်းက နန်းနွမ်းဟာ ဝင်ငွေရရှိဖို့အတွက် ဆောက်လုပ်ရေး အလုပ်ရုံတွေ၊ အိမ်အကူ အလုပ်တွေနဲ့ နှစ်အတန်ကြာ ဖြတ်သန်းလာခဲ့ရတယ်လို့် ဆိုပါတယ်။ 

အဲဒီနောက်ပိုင်း ဆန်ပီဆွက် (San Pee Seua) အရပ်က ထိုင်းရိုးရာအစားအစားတွေ ရောင်းတဲ့ စားသောက်ဆိုင်မှာ နေ့စဉ် နံနက် ၁၁ နာရီကနေ ည ၉ နာရီအထိ စားပွဲထိုး ဘဝနဲ့ ရုန်းကန်ခဲ့တာပါ။

စားပွဲထိုး မော်ဒယ်လ် လို့ ထင်ရှားနေတဲ့ ရှမ်းပျိုးမေ နန်းနွတ်ဟာ မကြာမီရက်ပိုင်းမှာ ချင်းမိုင်ခရိုင် လန်းပန်း မြို့က ကားထုတ်လုပ် ရောင်းဝယ်ရေး ကုမ္ပဏီတခုမှာ စာပွဲထိုးဘဝကနေ အရောင်းဝန်ထမ်းအဖြစ် အသွင် ပြောင်း လုပ်ကိုင်တော့မှာ ဖြစ်ပါတယ်။ 






ငြိမ်းဇော် ~