yest

yes

Movie Category 1

Subscribe Us

Template Information

Test Footer 2

Movie Category 2

Movie Category 3

Pages

Powered by Blogger.
[4] [ဆောင်းပါး] [two] [ဆောင်းပါး]

Movies of The Week

Join This Site On Google Friend

[4] [သတင်း] [one] [သတင်း]
[4] [နည်းပညာ] [two] [နည်းပညာ]
[4] [နည်းပညာ] [one] [နည်းပညာ]

Blog Archive

Movie Category 5

Movie Category 4

အိန္ဒိယ နိုင်ငံရှိ ကမ္ဘာ့ ရှေးအကျဆုံး တက္ကသိုလ်ပြန်လည်ဖွင့်လှစ်

| No comment
အိန္ဒိယ နိုင်ငံရဲ့ ရှေးအကျဆုံး နာလန်ဒါတက္ကသိုလ်ကို ပြန်လည်ဖွင့်လှစ်လိုက်ပါပြီ။

စက်တင်ဘာလ ၁ ရက်နေ့ မှာ ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ကျောင်းသားဦးရေ ၁၅ ဦး၊ တက္ကသိုလ်ဆရာ ၁၀ ဦးနဲ့ ကနဦးမှာ ဖွင့်လှစ်ခဲ့တာဖြစ်တယ်လို့ အိန္ဒိယတိုင်းမ်သတင်းမှာ ဖော်ပြပါတယ်။ 




တချိန်က နာလန်ဒါ တက္ကသိုလ်၊ ဓာတ်ပုံ- ဝီကီပီဒီးယား

တချိန်က ထို က္ကသိုလ်ဟာ ကမ္ဘာမှာ နာမည်ရခဲ့တဲ့ ကျောင်းတော်ကြီးဖြစ်ပါတယ်။

၅ ရာစုကတည်းက စတင်ဖွင့်လှစ် ခဲ့တာလည်း ဖြစ်ပြီး အထင်ကရ တက္ကသိုလ်ကြီးတခုဖြစ်ပါတယ်။


 ၁၂ ရာစုရောက်တဲ့အခါ တူရကီတိုရဲ့ ကျူးကျော်မူ ကြောင့် တက္ကသိုလ်ဟာ ပျက်စီးသွားခဲ့ရပါတယ်။

နာလန်ဒါ နှစ်ပေါင်း ၈၃၀ ရာကျော်ကြာ ပိတ်ထားခဲ့ရတဲ့ ကမ္ဘာ့ရှေး အကျဆုံး တက္ကသိုလ်တခုဖြစ်ပါတယ်။

ဒါကြောင့် ပြန်လည် ပြုပြင်မူတွေလုပ်နေခဲ့ရတာကြောင့် အချိန်တော်တော်ကြာမြင့်ခဲ့ရပါတယ်။ 


ထိုကျောင်းတော်ကြီးမှာ သင်ကြားပို့ချမယ့် ဘာသာရပ်တွေကတော့ သမိုင်းဘာသာရပ်နဲ့ စိတ်ပညာ၊ သိပ္ပံ၊
ဒဿနိက  စရှိတာတွေကို အထူး ပြု သင်ကြားပို့ချသွားမယ်လို့ အိန္ဒိယတိုင်းမ်း မှာဖော်ပြထားပါတယ်။

ဒါပေမယ့် နာလန်ဒါ တက္ကသိုလ်ကြီးကို ယခုအချိန်ထိ အချောသတ် ပြင်ဆင်လို့တော့ မပြီးသေးပါဘူးတဲ့။ ဒါကြောင့် ကျောင်းသားဦးရေကို အကန့်အသတ်နဲ့ စတင်ဖွင့်လှစ်တာဖြစ်ပါတယ်တဲ့။ 


နာလန်ဒါ တက္ကသိုလ်မှာ တက်ရောက်ဖို့ အတွက် နိုင်ငံပေါင်း ၄၀ ကျော်က တက္ကသိုလ်အသီးသီးက  
လျှောက်ထားခဲ့ပြီး ကျောင်းသားဦးရေ ၁၅ ဦးသာ တက်ရောက်ခွင့်ပြုခဲ့တာဖြစ်ပါတယ်။ 


အိမ့်သံစဉ် ~


ဧရာဝတီ Facebook / ဧရာဝတီ Twitter