yest

yes

Movie Category 1

Subscribe Us

Template Information

Test Footer 2

Movie Category 2

Movie Category 3

Pages

Powered by Blogger.
[4] [ဆောင်းပါး] [two] [ဆောင်းပါး]

Movies of The Week

Join This Site On Google Friend

[4] [သတင်း] [one] [သတင်း]
[4] [နည်းပညာ] [two] [နည်းပညာ]
[4] [နည်းပညာ] [one] [နည်းပညာ]

Blog Archive

Movie Category 5

Movie Category 4

မေမြတ်နိုးကို သရဖူပြန်တောင်းနေတဲ့ တောင်ကိုရီးယားအဖွဲ့

| 3 Comments
 
 ~





  မေမြတ်နိုးကို သရဖူအပ်ခဲ့၊ အခုတော့ သရဖူ ပြန်တောင်းနေတဲ့ တောင်ကိုရီးယား အခြေစိုက်  Miss Asia Pacific World အဖွဲ့ဟာ ပြီးခဲ့တဲ့ နှစ်တွေတုန်းကလည်း အငြင်းပွားစရာဖြစ်ရပ်တွေနဲ့ ကြုံခဲ့ရတယ်လို့ သိရပါတယ်။


  •  အင်္ဂါနေ့ ရန်ကုန်မြို့ သတင်းစာရှင်းလင်းပွဲမှာ တွေ့ရတဲ့ မေမြတ်နိုး (ဓာတ်ပုံများ - ဂျေပိုင် / ဧရာဝတီ)

၂၀၁၁ ခုနှစ် ပြိုင်ပွဲမှာ ဗင်နီဇွဲလားအလှမယ်ကို သရဖူပေးဖို့ ကြိုတင် စီစဉ်ထားခဲ့တယ်ဆိုပြီး အဲဒီပွဲက အလှမယ် အများအပြားက ပြောဆိုခဲ့ပါတယ် တဲ့။

 အဲဒီကာလ အငြင်းပွားမှု အခြေအနေကို ရိုက်ကူးထားတဲ့ ရုပ်သံကို “Confessions of a Beauty Queen” ဆိုတဲ့ ခေါင်းစဉ်နဲ့ ရှာရင် ယူကျူမှာ တွေ့နိုင်သေးတယ် ဆိုပဲ။

 ပြိုင်ပွဲမှာ ဆုတွေရချင်ရင် သူတို့နဲ့လိင်ဆက်ဆံဖို့ ပြိုင်ပွဲကော်မတီဝင်တချို့က ကမ်းလှမ်းတယ်ဆိုပြီး တချို့ အလှမယ်တွေက စွပ်စွဲကြပါတယ်။

 ဒီစွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ပြိုင်ပွဲကျင်းပတဲ့အဖွဲ့ရဲ့ မီဒီယာညွှန်ကြားရေးမှူး  David Kim က ငြင်းဆိုပါတယ်။

 အလှမယ်တွေက ပြိုင်ပွဲကော်မတီဝင်တွေနဲ့ရော ဒါရိုက်တာတွေနဲ့ရော အိပ်တယ် ဆိုတာ မဟုတ်ပါဘူး၊ ရဲတပ်ဖွဲ့ကလည်း အဲဒါကို ကောလာဟလသက်သက်ဖြစ်တယ်ဆိုတာ ကြေညာပြီးပါပြီ။ အားလုံးကို စစ်ဆေးပြီးပါပြီ၊ ဟိုတယ် လုံခြုံရေးကင်မရာကိုလည်း စစ်ပြီးပါပြီ၊ အဲဒါ ကောလာဟလ သက်သက်ပါ လို့ သူက ရှင်းဆိုပါတယ်။

ဒါကတော့ ဧရာဝတီ အင်္ဂလိပ်ပိုင်းစာမျက်နှာမှာ Dethroned Burmese Beauty Queen Blasts Pageant Boss ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖော်ပြခဲ့တဲ့ သတင်းထဲက ကောက်နုတ်ချက်ပါ။ မူရင်းကို http://www.irrawaddy.org/burma/dethroned-burmese-beauty-queen-blasts-pageant-boss.html   မှာ ဖတ်နိုင်ပါတယ်။

ခွဲစိတ်ပြုပြင်ဖို့ ကိုရီးယားပြိုင်ပွဲအဖွဲ့က စီစဉ်တာကိုလည်း လက်မခံခဲ့ကြောင်း  မေမြတ်နိုးက ပြောပါတယ်။

AFP သတင်းတပုဒ်မှာတော့ ကိုရီးယားပြိုင်ပွဲအဖွဲ့ကိုတည်ထောင်တဲ့   Young Choi က မေမြတ်နိုး ခွဲစိတ်ပြုပြင်တာနဲ့ ပတ်သက်ပြီး သူတို့ဆီမှာ ဓာတ်ပုံအထောက်အထား ရှိတယ်လို့ ဆိုထားကြောင်း ရေးပါတယ်။
 
မေမြတ်နိုးကို တရားစွဲဖို့လည်း စဉ်းစားမယ်လို့ ဆိုပါတယ်။
ခွဲစိတ်ပြုပြင်တယ်ဆိုတဲ့ စရိတ်စကနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာတော့ ဖြေဆိုခြင်း မပြုပါ၊ ခွဲစိတ်ပြုပြင်ရေးကျွမ်းကျင်သူ ဆယ်ဦးနဲ့ ကာလအတန်ကြာကတည်းက စီစဉ်ခဲ့တာလို့ ဆိုပါတယ်။

ဘန်ကောက်အခြေစိုက် The Nation သတင်းစာရဲ့ အွန်လိုင်း သတင်းတိုတပုဒ်မှာတော့  ကိုရီးယားအဖွဲ့ရဲ့ ဥက္ကဋ္ဌ Lawrence Choi ကို ကိုးကားထားပါတယ်။
သရဖူပြန်သိမ်းရခြင်းဟာ သူ့အသက် ငယ်လွန်းလို့ပါ တဲ့။ မယ်ပြိုင်ပွဲအတွက် အသက် ကန့်သတ်ချက်က ၁၈ နဲ့ ၂၇ ကြား ဖြစ်ရပါမယ် တဲ့။
မေမြတ်နိုးက ၁၅ နှစ်ပဲ ရှိသေးတယ်လို့ သူက ဆိုပါတယ်။
လာမယ့်လ ၁၃ ရက်နေ့မှ သူ့အသက် ၁၆ နှစ် ပြည့်ပါမယ် တဲ့။


ဒါကတော့ မေမြတ်နိုးကို သရဖူပြန်တောင်းနေတဲ့ တောင်ကိုရီးယားအဖွဲ့အကြောင်း ဆက်စပ် အချက်အလက်တွေကို ကောက်နုတ် ဖော်ပြလိုက်တာဖြစ်ပါတယ်။



 

.