yest

yes

Movie Category 1

Subscribe Us

Template Information

Test Footer 2

Movie Category 2

Movie Category 3

Pages

Powered by Blogger.
[4] [ဆောင်းပါး] [two] [ဆောင်းပါး]

Movies of The Week

Join This Site On Google Friend

[4] [သတင်း] [one] [သတင်း]
[4] [နည်းပညာ] [two] [နည်းပညာ]
[4] [နည်းပညာ] [one] [နည်းပညာ]

Blog Archive

Movie Category 5

Movie Category 4

မူးယစ်ဆေး၊ လက်နက်ဖမ်းမိမှုနဲ့ တိမ်းရှောင်နေသူ ကုမ္ပဏီပိုင်ရှင်ကို ဖမ်းမိပြီ

| No comment
လွန်ခဲ့တဲ့ ရက်ပိုင်းက ရန်ကုန်မြို့မှာ မူးယစ်ဆေး၊ လက်နက်ခဲယမ်းများ ဖမ်းဆီးရမိတဲ့ အမှုကနေ ထွက်ပြေး တိမ်းရှောင်နေတဲ့ တရားခံလို့ ရဲတပ်ဖွဲ့က ဆိုတဲ့ ကုမ္ပဏီပိုင်ရှင် ဦးရဲထွန်းကျော်ကို ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ ဖမ်းဆီး ရမိပြီလို့ သိရပါတယ်။ 


 ဦးရဲထွန်းကျော်၊ ဓာတ်ပုံ- မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အင်တာနက်စာမျက်နှာ

မူးယစ်ဆေးဝါးလုပ်ကိုင်တယ်ဆိုတဲ့ ဦးရဲထွန်းကျော်ကို ဖမ်းဆီးရမိတာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ အင်တာနက် စာမျက်နှာမှာ အခုလို ဖော်ပြထားပါတယ်။ 

“သြဂုတ် ၂၉ ရက်က ရန်ကုန်မြို့တွင် စိတ်ကြွရူးသွပ်ဆေးပြား ၃ဝ၁,ဝဝဝ ပြား၊ ဘိန်းဖြူ ဘလောက်တုံး တစ်တုံး(အလေး ချိန် ၃၅ဝ ဂရမ်) နှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိသော အမှုမှ မူးယစ်ဆေးဝါးများ
ရောင်း ချခိုင်းသူ Natural Force Co.,Ltd. ကုမ္ပဏီပိုင်ရှင် ရဲထွန်းကျော် သည် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ဘက်သို့ တိမ်းရှောင်သွားကြောင်း သတင်းအရ သြဂုတ် ၃၁ ရက်တွင် မူးယစ် တပ်ဖွဲ့စု(၄၇)စစ်တွေ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ပုဏ္ဏားကျွန်း- ကျောက်တော်သွား ၅ မိုင်အကွာ ယိုးငူဆိပ်ကမ်းတွင် စုံစမ်းမှုများ ပြုလုပ်ခဲ့ရာ ရဲထွန်းကျော်သည် သြဂုတ် ၂၉ ရက် ညပိုင်း တွင် YGN-2E/8123 Kluger မော်တော်ယာဉ်ဖြင့် အမ်းမြို့သို့ ထွက်ခွါ သွားကြောင်း သတင်းရရှိပါသည်” ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အင်တာနက်စာမျက်နှာက ဆိုသည်။ 

ဆက်လက်ပြီး ရဲတပ်ဖွဲ့က ရေးသားချက်အရ သြဂုတ် ၃၁ ရက် ၂၂၁ဝ အချိန်တွင် ပူးပေါင်းအဖွဲ့သည် ပုဏ္ဏားကျွန်းမြို့၊ စံပြရပ်ကွက်နေ ဒေါ်ကြာဇံလှ နေအိမ်တွင် ရဲထွန်းကျော် စီးသွားသည့် YGN-2E/8123 Kluger မော်တော်ယာဉ်အား တွေ့ရှိ စုံစမ်းရာမှ ရဲထွန်းကျော်သည် သြဂုတ် ၃ဝ ရက်နေ့ ဝ၇၁ဝ အချိန် တွင် မြောက်ဦးမြို့ရှိ သူငယ်ချင်းဖြစ်သူ ဦးကျော်ဆန်း ၏ နေအိမ်၌ ရောက်ရှိနေကြောင်း သတင်းအတိ အကျရရှိသဖြင့် မြောက်ဦးခရိုင်ရဲတပ်ဖွဲ့မှူးနှင့် ချိတ်ဆက်၍ မြောက်ဦးမြို့၊ တောင် ရပ်(၂)လမ်း၊ အမှတ် (တ၇/၂၂၄)နေ ဦးကျော်ဆန်း ၏ နေအိမ်အား စက်တင်ဘာ ၁ ရက် ၁၈၄၅ အချိန် ဝင်ရောက် ရှာဖွေရာ ထွက်ပြေး တိမ်းရှောင်နေသော တရားခံ ရဲထွန်းကျော် (၃၅ နှစ်) အား ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

ဖြစ်စဉ်အစကတော့ မူးယစ်ဆေးပြားတွေ သယ်ဆောင်လာတဲ့ လူ ၂ ဦးကို ရဲက ဖမ်းဆီးရမိပြီး စစ်ဆေးရင်း သူတို့ရဲ့ ဖော် ထုတ် စစ်ဆေးချက်အရ ရေနံနဲ့သဘာဝ ဓာတ်ငွေ့လုပ်ငန်း၊ ဆောက်လုပ်ရေး လုပ်ငန်း လုပ်ကိုင်သည့် Natural Force Co.,Ltd. ကုမ္ပဏီ ပိုင်ရှင် အိမ်ကို သွားရောက်စစ်ဆေးတဲ့အခါ နောက်ထပ် မူးယစ်ဆေးဝါးတွေနဲ့ သေနတ်နဲ့အတူ ပိုင်ရှင် အမျိုးသမီးကိုလည်း ရဲတပ်ဖွဲ့က ဖမ်းဆီးမိခဲ့ပါတယ်။ 

ကုမ္ပဏီပိုင်ရှင် ဦးရဲထွန်းကျော်ကတော့ အဲဒီတုန်းက ထွက်ပြေးလွတ်မြောက်ခဲ့တာလို့ သိရပါတယ်။ 

Natural Force Co.,Ltd. ကို ၂ဝဝ၇ ခုနှစ်က စတင်တည်ထောင်ခဲ့တယ်လို့ သိရပါတယ်။ 


အိမ့်သံစဉ် ~



ဧရာဝတီ Facebook / ဧရာဝတီ Twitter