yest

yes

Movie Category 1

Subscribe Us

Template Information

Test Footer 2

Movie Category 2

Movie Category 3

Pages

Powered by Blogger.
[4] [ဆောင်းပါး] [two] [ဆောင်းပါး]

Movies of The Week

Join This Site On Google Friend

[4] [သတင်း] [one] [သတင်း]
[4] [နည်းပညာ] [two] [နည်းပညာ]
[4] [နည်းပညာ] [one] [နည်းပညာ]

Movie Category 5

Movie Category 4

အာ့ လာပြောတာ

| 3 Comments

 ~




အာ့ လာပြောတာ ဆိုတဲ့ အသုံးအနှုန်းကို အွန်လိုင်းမှာ အခုတလော တွေ့ကြရမှာပါ။

အထူးသဖြင့် ရန်ကုန်မြစ်ထဲက ခေါင်းလောင်းရှာဖွေရေးနဲ့ နဂါးတွေက ခေါင်းလောင်းကို ထိန်းချုပ်ထားတယ်ဆိုတဲ့ ပြောဆိုချက် ထွက်ပေါ်လာပြီးနောက်မှာ ဒီအသုံးအနှုန်း အသုံးများလာပါတယ်။
  .
စာနဲ့အတူတက်လာတဲ့ပုံတွေထဲမှာ အထက်ပါ ဂဠုန်ပုံလည်း ပါပါတယ်။

အာ့  
ဆိုတာက အဲဒါ ရဲ့ အတိုကောက်ပါ။
 
 . 
ဒီလိုသာ အသုံးများကြရင်တော့ ခက်ရချည်ရဲ့ဆိုတဲ့သဘော သရုပ်ဆောင် ဆွိဝတ်ရည်သောင်းက ရေးပါတယ်။

ထွင်ကြရင်း ထွင်ကြရင်းနဲ.နောက်မြန်မာကလေးတွေက မြန်မာစာလုံးပေါင်း ဘယ်ဟာက အမှန် အမှားလဲ မသိကြပဲနေတော့မယ် ထင်ပါရဲ. ..... �� လို့
အွန်လိုင်းမှာ သူက ရေးပါတယ်။

 ဒီအတောအတွင်း လူကြီးလူငယ် အများအပြား အာ့ လာပြောတာ ဆိုပြီး အပျော်သဘော ရေးနေကြတာကိုလည်း တွေ့ရမှာပါ။

 အဆိုတော် သရုပ်ဆောင်  ဝိုင်းစုခိုင်သိန်းက ....  သွားခဲ့တဲ့မဝမ်းတို့ရဲ့ဆိုင်လေး
တဆိုင်လုံးကဇာတွေ ကြိုက်နေတယ် ဘယ်လိုလုပ်ရမလဲ
ဇာတွေက အကုန်လှအကုန်ကြိုက်တယ် အ့ာလှမ်းပြောတာ:):) လို့ ဟိုတနေ့က ရေးပါတယ်။

  Facebook  မြန်မာပြည်မှာ စတင် ခေတ်စားခါစ ကတည်းက အတိုကောက် အသုံးအနှုန်းတွေကို အပျော်သဘော သုံးခဲ့ကြတာပါ။
ဥပမာ...  ဘယ်သူလေးလဲ ဆိုတာကို ဘူလေးလဲ။
 

အဲဒီမျိုး စကားလုံးတချို့ သီချင်းထဲ ရောက်လာပါတယ်။
သီချင်းနဲ့ Facebook မှာ အသုံးများလာတဲ့အတွက် နောင်လည်း ကျယ်ကျယ်ပြန့်ပြန့် ဆက်လက် သုံးစွဲလာကြဖွယ် ရှိပါတယ်။
 



.